ရေဖြူမြို့နယ်အတွင်း ကျေးရွာများရှိ စာသင်ကျောင်းများတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ထောက်ပံ့ပေးအပ်

ထားဝယ်၊ စက်တင်ဘာ ၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက ထောက်ပံ့ပေးသည့်ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းက ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မင်းသားကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျနှင့်တာဝန်ရှိသူများက စာသင်ကျောင်းများအတွက် (၁)ကျောင်းလျှင် ကွန်ပျူတာပရင်တာနှင့် မီးစက် (၁) လုံးတို့ကိုပေးအပ်ရာ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးဒေါ်နော်စေးပနော်နှင့် မင်းသားကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းအုပ်ဆရာမကြီး  ဒေါ်မိစန်းဖြူတို့က လက်ခံယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)