ဒဂုံတောင် စက်တင်ဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ် (၁၀၆)ရပ်ကွက် မာဃလမ်းခင်းရန် ပြင်ဆင်နေမှုနှင့် မိုးတွင်းကာလတွင် ဖြစ်ပေါ် တက်သော လျှပ်စစ်အန္တာရာယ်များမှ ကာကွယ် နိုင်ရန် လျှပ်စစ်မီးကြိုးများ ရှုပ်ထွေးနေမှုတို့ကို မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ(၃)နာရီ အချိန်က ကွင်းဆင်း ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင် ဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လုပ်ဆောင်ပေးရန် ပြောကြား ခဲ့ပြီး မြေပြင်အခြေအနေအား လှည့်လည် ကြည့်ရူကာ လိုအပ်သည်များ ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သက်မင်းဟန်(ဒဂုံတောင်)