သီပေါမြို့နယ်တွင် မသန်စွမ်းသူ(၄၅၇)ဦးအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

သီပေါ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ်နှင့် တာဝန်ရှိသူများက  အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၇၈)အုပ်စု  မှကျေးရွာများအတွင်းရှိ မသန်စွမ်းသူ(၄၅၇)ဦးအား တစ်ဦးလျင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ရပ်ကွက်/ ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လိုက်ပါ၍ မသန်စွမ်းသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လွဲပြောင်းလက်ခံရယူခဲ့ပြီး သီပေါမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများ အတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)