ဘုတလင်မြို့နယ်တွင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း(၂၁)ဦး ရွေးကောက်ပွဲ တွင် ဝင်ရောက်အရွေးချယ်ခံမည်

ဘုတလင်   စက်တင်ဘာ  ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ် စားလှယ်လောင်း (၂၁) ဦး ဝင်ရောက်အရွေးချယ်ခံမည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းထံမှ သိရသည်။

ဘုတလင်မြို့နယ်တွင် နိုင်ငံရေးပါတီ(၆)ပါတီနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့က ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ်လောင်း(၅)ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း(၆)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)အတွက် ကိုယ်စားလှယ် လောင်း(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)အတွက် ကိုယ်စားလှယ်လောင်း(၅)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် လောင်း(၂၁)ဦး ဝင်ရောက်အရွေးချယ်ခံမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် အမျိုးသားလွှတ်တော်အတွက် တစ်သီးပုဂ္ဂလ တစ်ဦး ပါဝင်ပြီး ပြည်သူ့လွှတ်တော်တွင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသားလွှတ်တော်တွင် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း အမျိုးသမီး(၃)ဦးလည်း ဝင်ရောက်အရွေးချယ်ခံမည် ဖြစ်ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်ဖြည့်စွက် ပြီးသည့် ဆန္ဒမဲပေးခွင့်ရှိသူ(၁၁၈၄၀၇)ဦး ရှိပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ(၄၃)ရုံ၊ မဲဆန္ဒနယ် အမှတ်(၂) တွင် မဲရုံ(၅၇)ရုံ၊ စုစုပေါင်း မဲရုံ(၁၀၀) လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)