မန္တလေး၊ စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် တိုင်းဒေသကြီးအဆင့် သမဝါယမ အသေးစား ငွေကြေး ဝန်ဆောင်မှု ချေးငွေလုပ်ငန်း ကြီးကြပ်မှုလုပ်ငန်း ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက Zoom Cloud Media Application အသုံးပြု၍ Video Conferencing ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ဦးကျော်မိုးတင့် နှင့် တာဝန်ရှိသူများက အမှာစကား အသီးသီး ပြောကြားကာ တက်ရောက်လာသူများကလည်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးတွင် Daedong စက်ပစ္စည်း ရောင်းချငွေများ၊ ကောက်ခံပေးသွင်းရေး ကိစ္စရပ်များ၊ အသင်းများ၏ စာရင်းစစ်ဆေးရာတွင် တွေ့ရှိရသည့် အားနည်းချက်များနှင့် ပြင်ဆင်ရန်အချက်များ၊ သာမန်စစ်ဆေးရေး (၆)လချုပ် ရေးဆွဲခြင်းနှင့် စာရင်းအင်းရေးသွင်းရေး ကိစ္စရပ်များ၊ အသင်းဝန်ထမ်း ခန့်ထားရေး ကိစ္စရပ်များ၊ Task Force စစ်ဆေးရေး ကိစ္စ၊ ကာလလွန် ကြွေးကျန်များ၊ ချေးငွ ေကြွေးကျန် သိမ်းဆည်းရေးကိစ္စရပ်များ၊ SI စစ်ဆေးရေးကိစ္စရပ်များ၊ EB ချေးငွေကာလလွန်ကြွေးကျန် ကောက်ခံရေး ကိစ္စရပ် များ ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မိုးတင့်နှင့်အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် အမှုဆောင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီး အရာရှိများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို