နွားထိုးကြီး၊ စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် စည်ပင်သာယာ မြို့မဈေး၌ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဈေးရောင်းဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက်Hand Speaker ဖြင့်အသိပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါကြောင့် ပြည်သူများ၏ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးထိခိုက်စေနိုင်သည့် အပြင် အသက်ဘေးအန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သဖြင့် မလိုလားအပ်သည့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာကြရန်၊ ဈေးရောင်းဈေးဝယ် ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင်ကြရန်၊ဈေးအတွင်းသို့ လက်ဆေးပြီးမှ ဝင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ကြရန်စသည့် ကာကွယ်ရေး နည်းလမ်းများကို ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် နေ့စဉ်အသိပေး နှိုးဆော် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
နိုင်လင်း(ပြန်/ဆက်)