လသာမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် မဲဆန္ဒရှင်အမည်စာရင်း ဖြည့်စွက်ပြင်ဆင်မှုများ တိုက်ဆိုင်စစ်ဆေး

လသာ စက်တင်ဘာ ၃

လသာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲပေးခွင့်ရှိသူ တိုင်း မဲဆန္ဒရှင်အမည်စာရင်းတွင် ပါရှိစေရန် မြို့နယ် လုံးကျွတ် မဲဆန္ဒရှင်အမည်စာရင်း ဖြည့်စွက်ပြင်ဆင်မှုပုံစံများ တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်မှ စတင်ပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်အမည်စာရင်း ဖြည့်စွက်ပြင်ဆင်မှုပုံစံများ တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်စာရေးဝန်ထမ်းများ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ များ ပူးပေါင်းကာ မဲဆန္ဒရှင် အမည် စာရင်းတွင် အချက်အလက်ကွဲလွဲနေမှု များ၊ အကြောင်းအမျိုးမျိုး ကြောင့် မဲဆန္ဒရှင်အမည်စာရင်းတွင် မပါဝင်ပဲကျန်ရှိနေသူများကို သတ်မှတ် ပုံစံများဖြင့် ဖြည့်စွက်ပြင်ဆင်မှုများကို တိုက်ဆိုင် စစ်ဆေးခဲ့ကြပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရာတွင် ပြည့်စုံ မှန်ကန်မှု ရှိစေရေး စနစ်တကျ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီး အရာရှိ ဒေါ်အိအိခင်ထံမှ သိရှိရသည်။

မေသူ(ပြန်/ဆက်)