ပြည်ကြီးမဏ္ဍိုင်၊ စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ် သက်၍ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ ကို ယနေ့ နံနက် ၈ နာရီက ထပ်မံစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အစားအသောက်များအား ပိုးမွှားမဝင်ရောက်နိုင်အောင် ကာရံထားရှိရေး၊ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များထားရှိပေးရေး၊ ရောင်းချသူများအနေဖြင့် Maskများ၊ မျက်နှာကာများတပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေးတို့ကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ထပ်မံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)