ကွန်ဟိန်း စက်တင်ဘာ ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ကွန်ဟိန်းတံတား စစ်ဆေးရေးဂိတ်၌ ယနေ့ (၁၀:၀၀)အချိန်က နေရပ်ပြန်ပြည်သူ (၁၀၄)ဦးအား ကြိုဆိုစောင့်ဆိုင်းခြင်းအား မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများတွင် ကွန်ဟိန်းမြို့၌ နေရစ်မည့် ပြည်သူ ကျား(၁)ဦး၊ မ (၃)ဦး ပါရှိ သဖြင့် Facility Quarantine ထားရှိ မည့် ဟိတကာရီ ခန်းမသို့ တာဝန်ရှိသူများမှ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ ယင်းနောက် ကျန်နေရပ်ပြန်ပြည်သူများသည် (၁၀:၃၀)နာရီ အချိန်က တောင်ကြီးမြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)