မြို့လှမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

မြို့လှ  စက်တင်ဘာ  ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ် ရပ်ကွက်အတွင်းရှိ တောင်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် မျိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ မြို့လှမြို့ပေါ် ရပ်ကွက်အတွင်းရှိ တောင်သူ(၂)ဦးအတွက် မျိုးစေ့ဖိုး တစ်ဧကလျှင် (၈၅၀ဝိ/)နှုန်းဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးလုပ်အားခစရိတ် တစ်ဧကလျှင် (၇၅၀၀ဝိ/)နှုန်းဖြင့် လည်းကောင်း၊ မျိုးကွဲပယ်ခြင်းနှင့် မျိုးစေ့သန့်စင်ခ တစ်ဧကလျှင် (၆၅၀၀ဝိ/)နှုန်းတို့ဖြင့် စုစုပေါင်း(၇) ဧကအတွက် စုစုပေါင်းငွေကျပ် (၁၀၃၉၅၀ဝိ/)ကျပ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်၊ မြို့လှမြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်အောင်နှင့် ဝန်ထမ်းများက တောင်သူများ လက်ဝယ်သို့အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်)