မိုင်းခတ်မြို့နယ် ကြက်ခြေနီအသင်းအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများထောက်ပံ့​ခြင်းနှင့် အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ​ပေးအပ်

 

မိုင်းခတ် စက်တင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့တွင် မြို့နယ်ကြက်ခြေနီ အသင်းအား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ​ ထောက်ပံ့​ခြင်းနှင့် ကိုဗစ်-၁၉ကာလအတွင်း တာဝန် ထမ်းဆောင်ခဲ့သော အသင်း ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို စက်တင်ဘာ ၂ ရက်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဝင်းမြတ်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိုင်းခတ်မြို့နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သန်းက မြို့နယ် အတွင်း သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ​ ထောက်ပံ့ပြီး ကြက်ခြေနီ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ​ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက် ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းခတ်မေတ္တာ လူမှုကူညီရေး အသင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)