စဉ့်ကိုင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်

စဉ့်ကိုင်၊ စက်တင်ဘာ    

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ (ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင် အတွင်းရေးမှူးများနှင့်အတူ  မြို့နယ်ကော်မရှင်ရုံး၌ ယနေ့နံနက် ၁၀ နာရီက စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ့မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်ရာတွင် အသက် (၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားအားလုံး   မဲပေးပိုင်ခွင့်  မဆုံးရှုံးစေရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင်  အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (ဖြင့် လျှောက်ထားသူ (၂၄၉၅ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသည့် ကန့်ကွက်လွှာ ပုံစံ (ဖြင့် လျှောက်ထားသူ (၁၀၃၈ဦး၊ မဲစာရင်းနှင့် ပတ်သက်သည့် ပြင်ဆင်လွှာပုံစံ (-ဖြင့် လျှောက်ထားသူ (၆၇၈) ဦး အား စနစ်တကျ စိစစ်ပြင်ဆင်ဆောင်ရွက်ပြီး ကြိုတင်မဲစာရင်းများကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဆန်းဦးထံက သိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)