ဆွမ်ပရာဘွမ် စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက် ၁၁ နာရီက မဲစာရင်း စိစစ်ရေးကော်မတီများမှ မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ဆန္ဒမဲပေးရာတွင် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင် မပါဝင်သူမရှိရအောင် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆွမ်ပရာဘွမ်မြို့အနေဖြင့် ပထမအကြိမ် မဲစာရင်းကပ်ထား ရာတွင် မဲဆန္ဒရှင် (၁၉၀၃) ဦး ၊ ယခု ပုံစံ (၃) တောင်းဆိုမှု (၁၀၅) ဦး ၊ ပုံစံ(၄) ကန့်ကွက်မှု (၁၄၆) ဦး၊ ပုံစံ (၄-ဂ) ပြင်ဆင်မှု (၁၆၀) ဦး ရှိပြီး လက်ရှိ မဲဆန္ဒရှင် (၁၈၆၂ ) ရှိကြောင်း မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
ကုဋေ (ဆွမ်ပရာဘွမ်)