တီးတိန်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် ဘေးကင်းလုံခြုံရေးရေး ရှောင်တခင်စစ်ဆေး

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် လုံခြုံဘေးကင်းရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လဝကနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာ​စျေး၊ လက်ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များကို ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေငြာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာလ ၂ ရက်နေ့တွင် စတင်ကာ လွိုင်လင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ပင်လုံမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကျေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေငြာ ထားကြောင်း သိရသည်။

ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် စားသောက် ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားရှိရေး စစ်ဆေး ဆောင်ရွက်

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်ကမ်းချက်နှင့်အညီ ဆောင်ရွက် မှု ရှိ/မရှိကို ယမန်နေ့နံနက် (၁၁) နာရီက မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဖလမ်း၌ ဖလမ်းစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း ဆောင်ရွက်

စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည် ထိန်းသိမ်းနိုင်ရန်နှင့် စည်းလုံးညီညွှတ်မှု ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ပြီး ချင်းရိုးရာဓလေ့များဖြစ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ရိုးရာအိမ်၊ တူရိယာ ပစ္စည်းများ အခြေခံ၍ ပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများကို စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆုများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင် ရေးအတွက် အရှိန်မြင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများ Mask များတပ်ဆင်ခြင်း ရှိ/မရှိကို ယမန်နေ့နံနက်(၁၀)နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖျာပုံမြို့၌ အချိုမှုန့်များတွင် မြန်မာစာ ကုန်အညွှန်းဖော်ပြထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု မရှိစေရေး ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်းဖြင့် စားသုံးသူများအနေဖြင့် ရိုးရှင်းသော သတင်း အချက်များ ရရှိစေရန် ရည်ရွယ်၍ ရုံးကြီးဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ယမန်နေ့နံနက် (၁၀:၃၀) က ကွင်းဆင်း စစ်ဆေးခဲ့သည်။

ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ် စိုက်ဧကများကို ပြည်နယ်ဝန်ကြီး ကွင်းဆင်းစစ်ဆေး

ကိုဗစ် - ၁၉ စီးပွားကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှ ထောက်ပံ့မှုအနေဖြင့် မြစ်ကြီးနားခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်များ ပူး‌ပေါင်း၍ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို စက်တင်ဘာ (၂)ရက် မွန်းလွဲ (၂)နာရီက ပြည်နယ်စိုက်ပျိုးမွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ကွင်းဆင်း စစ်ဆေးခဲ့ သည်။

မချမ်းဘော့မြို့နယ်တွင် ပါတီကိုယ်စားလှယ်လောင်း အမည်များစာရင်းကြေညာ

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မဲဆန္ဒနယ်မြေ (၂) ခုတွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြေညာချက်ပုံစံ (၁၀) ဖြင့် ကြေညာထား ကြောင်း သိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Subscribe to