ရွှေကျင်မြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က နှာခေါင်းစည်းအခု (၃၀၀၀) အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွှေကျင်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအားဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေးအထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို မဲသမူးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပွင့်ဖြူမြို့နယ်တွင် (CERP)အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကြက်မွေးမြူရေးသင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလ အတွင်း စီးပွားရေးထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး (CERP) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကြက်မွေးမြူရေးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

မွန်ပြည်နယ် သထုံခရိုင် ပြည်သူ့ဆေးရုံ၌ လူနာစောင့် နားနေဆောင်သစ် ဖွင့်လှစ်

သထုံ စက်တင်ဘာ ၄

မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်များနှင့် မိသားစုဝင်များ နား နေရန်အဆင်ပြေစေရေးအတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့သည့် လူနာစောင့် နားနေ ဆောင်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါအဆောင်သစ်ရှေ့၌ ကျင်းပသည်။

လူနာစောင့်နားနေဆောင် အသစ်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ် နှင့် သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီး ဒေါက်တာသက်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တက် ရောက် ကြသူတို့က အဆောင်သစ်အား လိုက်လံကြည့်ရှုခဲကြသည်။

ကော့သောင်းနယ်စပ်မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့မှု ထိုင်းနိုင်ငံမှစည်းကမ်းများတိုးမြှင့် တင်းကြပ်ကန့်သတ်

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလတစ်လျှောက် မြန်မာ-ထိုင်းနယ်စပ်ဖြတ်သန်းသွားလာမှုများပိတ်သိမ်းထားခဲ့သော်လည်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး နှစ်နိုင်ငံတာဝန်ရှိအဖွဲ့အစည်းများ ညှိနှိုင်းသဘောတူညီမှုဖြင့် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်ရေထွက်ပစ္စည်း တင်ပို့ရောင်းချမှုနှင့် ပြည်ပမှ အခြေခံစားသောက်ကုန်ဝယ်ယူတင်သွင်းမှုများကို မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်း-ရနောင်း ရောင်းဝယ်ဖေါက်ကားမှုကို ရောဂါထိန်းချုပ်မှုစည်းကမ်းချက်များဖြင့် ဆက်လက်ခွင့်ပြုထားရာမှ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြန်လည်မြှင့်တက်လာသဖြင့် ထိုင်းနိုင်ငံဖက်မှ ရေထွက်ပစ္စည်းရောင်းဝယ်မှုလုပ်ငန်းများတွင် စည်းကမ်းများ တိုးမြှင့်တင်းကြပ် ကန့်သတ်ထားကြောင်း သိရသည်။

ပြင်စလူမြို့တွင် အသက်(၂)နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြံခင်း၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြိုနယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လိုင်စင်ချထား ပေးသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) အရ ငါးမွေးမြူရေးလုပ်ငန်း အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မန်ကန်မြို့၌ COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် မက်(စ်)ပေးဝေခြင်းနှင့် အပူချိန် တိုင်းတာ ခြင်း လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီး နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အမည်စာရင်းထုတ်ပြန်ကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း ကို ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Subscribe to