နမ့်ဆန်၌ COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာနှင့် အခြေခံ မဲဆန္ဒရှင် စာရင်း မှန်ကန်ရေး ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အခြေခံ မဲဆန္ဒ ရှင် စာရင်းမှန်ကန်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ဆက်စပ် ကာ မြို့နယ်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိ ကြောင်းသိရပါသည်။

ခရမ်းမြို့နယ် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန် တောင်ပိုင်ခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် မိုးစပါးစိုက် ဧကပေါင်း (၂၀၀၀၀) ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု အနေဖြင့် ဧကပေါင်း (၂၀၂၅၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စု လမ်းမပေါ်ရှိ တာလေမြို့ လမ်းအပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများကို မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့ အတွင်း ပါဝင်သည့် လမ်းအပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများအား ယာဉ်အန္တရယ် ကင်းရှင်းရေးနှင့် အများ ပြည်သူ တို့ ဘေးကင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် ပြန်လည်မွမ်းမံ ပြင်ဆင်နိုင်ရန် မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်​ရေးအတွက် ဌာနဆိုင်ရာရုံးများတွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်​ဝေ

ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ထိန်းချုပ်ကာကွယ်​ရေး​ကော်မတီ အဖွဲ့သည် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိ​စေ​ရေးအတွက် အရှိန်အဟုန်မပျက်​ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဌာနဆိုင်ရာရုံးများတွင် ယမန်​နေ့နံနက်ပိုင်းက နှာ​ခေါင်းစည်း Maskများ အခမဲ့ဖြန့်​ဝေခဲ့သည်။

ချင်းရွှေဟော် နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၂၆)ဦး ထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ နေ့စဉ် ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့၊ညနေ(၆)နာရီအချိန်က(၂၅)ဉီးနှင့် စက်တင်ဘာလ ၃ရက်နေ့ ယနေ့မွန်းလွဲ(၃)နာရီခွဲအချိန်က(၁)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၂၆)ဉီး ထပ်မံ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ (CERP) အစီအစဉ်အရ ငါးသားပေါက်ကောင်ရေ (၄၉၇၆၆၉)ကောင်အား ထောက်ပံ့

ငါးသယံဇာတများ တိုးပွားစေရန်၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် (CERP) အစီအစဉ်အရ ငါးသားပေါက်ကောင်ရေ (၄၉၇၆၆၉) ကောင်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက်ရေး လုပ်ငန်းများအား မြို့နယ် အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ၀က်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက် လျက်ရှိသော ထွန်စက်ဂိုဒေါင် နှင့်ကွန်ကရစ်လမ်းဆောက်လုပ်နေမှုများအား မြို့နယ်အရည်အသွေးစစ် ဆေးရေးအဖွဲ့တာဝန်ရှိသူများက စက်တင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Subscribe to