ရိခေါ်ဒါရ် စက်တင်ဘာ ၄
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်ဆန်းလင်း ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ပြည်ပနိုင်ငံမှ တရားမဝင် ဝင်ရောက်မှုမရှိစေရေးအတွက် ရိခေါ်ဒါရ်မြို့ ဒေသအတွင်းရှိ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်တစ်လျှောက်၌ နေ့ညမပျက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးစောင့်ကြည့်စစ်ဆေးခြင်း၊ မြို့အဝင်အထွက်နေရာများ၌ လူဝင်/ထွက် သွားလာမှုအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်း ရယူဆောင်ရွက်ခြင်းများကို မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီနှင့် ဌာနဆိုင်ရာများ နှင့်ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အသိပညာပေး လှည့်လည်ဆော်သြခြင်း၊ ရပ်ကွက်/ကျေးရွာ အတွင်း အပြင်ထွက်သွားလာလှုပ်ရှားသူ ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရေး အသိပညာ ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တရားဝင် ထွက်ပေါက်ရှိသည့် မြို့တစ်ခုဖြစ်သည် နှင့်အညီ နယ်စပ်နယ်နိမိတ် မှတစ်ဆင့် ပြည်ပနိုင်ငံများမှ တရားမဝင် ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နေ့ညမပျက် စောင့်ကြည့် စစ်ဆေးနေကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းကို ရပ်ကွက်အတွင်း အခါအားလျော်စွာ အသိပညာပေး လှည့်လည်ကြေညာလျက် ရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)