တီးတိန်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် ဘေးကင်းလုံခြုံရေးရေး ရှောင်တခင်စစ်ဆေး

တီးတိန် စက်တင်ဘာ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် လုံခြုံဘေးကင်းရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လဝကနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာ​စျေး၊ လက်ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များကို ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက် များကို လိုက်နာခြင်းရှိ/မရှိ၊ လက်​​ဆေးကန်နှင့် လက်ဆေးရည်ထားရှိ အသုံးပြုခြင်း၊ နှာခေါင်းစည်း အသုံးပြုခြင်းများကို စစ်ဆေးခြင်း ဖြစ်သည်။

ယခုလိုစစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာခြင်း မရှိသူများ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှောင်တခင် စစ်ဆေးရေးအဖွဲ့ ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)