သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းများထုတ်ပြန်ကြေညာထားရှိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင် ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန်၏ ဩဂုတ် ၃၀ ရက်မှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန် ကြေညာ ထားကြောင်းသိရသည်။

မိုးကုတ်မြို့တွင် နေရပ်စွန့်ခွာတိမ်းရှောင်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မိုးကုတ်မြို့၊ ညောင်ပင်သာကျေးရွာမှ နယ်မြေမအေးချမ်းမှုကြောင့် နေအိမ်စွန့်ခွာလာခဲ့ကြရပြီး မိုးကုတ်မြို့ ကံတော်ဘုန်း တော်ကြီး ကျောင်းတွင် လာရောက် ခိုလှုံနေကြသော မိသားစု များအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ကပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အဖွဲ့ဝင်များတက် ရောက်ကြသည်။

ပိုင်ကျုံမြို့၌ CERP အစီအစဉ်ဖြင့် မိုးစပါး (Rs to Cs) မျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာ တောင်သူဦး၀င်းကြိုင်၏လယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် ထောက်ပံ့မှု အရဆောင်ရွက်သော မိုးစပါး ဆင်းသုခ(၁၀)ဧကအား (RS to Cs) မျိုးစေ့ထုတ်စိုက်ခင်းကို ယနေ့ နံနက်ပိုင်းတွင် တာ၀န်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်‌ဆေး ခဲ့ကြောင်းသိရသည်။

ကော့ကရိတ်မြို့တွင် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​ အောင်မြင်စွာ​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

ကရင်ပြည်နယ်၊​​ ကော့ကရိတ် ခရိုင်အတွင်း ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးနဲမြို့၌ (CERP) အစီအစဉ်ဖြင့် ငါးမွေးတောင်သူများအား ငါးသားပေါက်အကောင်ရေ ၈၀၀၀၀ ကျော် ဖြန့်ဖြူး ထောက်ပံ့ပေးအပ်

ရှမ်းပြည်ယ်(တောင်ပိုင်း) လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာလမိုးနဲမြို့နယ် အတွင်းရှိ ငါးမွေးမြူခြင်းလိုင်စင်ဖြင့် ငါးမွေးမြူရေးဆိုင်ရာ အခွန်အခပေးဆောင်ပြီး ငါးမွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ငါးမွေးတောင်သူများအား COVID-19 (Economic Relief Plan) (Action Plan) အရ ငါး သားပေါက်များ ဖြန့်ဖြူးထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ညနေ ၂ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။

ကမာရွတ်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေခြင်းနှင့်အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု အဖြစ်နှာခေါင်းစည်းများအခမဲ့ဖြန့် ဝေခြင်းကို လှည်းတန်းလမ်း၊ လှည်းတန်းဈေး နှင့်လူစည်ကားနေရာများတွင် ယနေ့ နံနက် (၈:၀၀) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကော်မရှင်ရုံးတွင် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများ ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း များကို သြဂုတ်လ(၃၀)ရက်နေ့ကစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထား ကြောင်း မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးစိုးမင်းမှ ပြောကြားသည်။

တောင်ငူ၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက  ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် ပြည်သူများထံ အသိပညာဗဟုသုတရရှိ‌စေရန်ရည်ရွယ်၍ ယနေ့နံနက်က ကျေးတော ၊ မဟင် ၊ အိုင်သုံးဆင့်  ကျေးရွာ၌ စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် ကိုဗစ်-၁၉ ‌ကြိုတင် ကာကွယ်‌ရေး အသိပညာ‌ပေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း‌ သိရသည်။

ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအရေးပေါ် တုံ့ပြန်ရေးကော်မတီမှ VICTORY အရက်ချက်စက်ရုံအားစက်တင်ဘာလ(၃)ရက်နေ့ နံနက်(၁၀) နာရီအချိန်၌ စတင် စစ်ဆေးခဲ့ကြောင်း  သိရသည်။
Subscribe to