ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် စားသောက် ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားရှိရေး စစ်ဆေး ဆောင်ရွက်

ဆင်ဘို  စက်တင်ဘာ  ၄

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်ကမ်းချက်နှင့်အညီ ဆောင်ရွက် မှု ရှိ/မရှိကို ယမန်နေ့နံနက် (၁၁) နာရီက မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားစာများ ထပ်မံဖြန့်ဝေပေးခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူခံရမည်ကို သိရှိကြောင်း လက်မှတ် ရေးထိုးစေခြင်းဖြင့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရေးတို့အတွက် မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများမှ အသိပညာပေး ပြောကြားခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုးမိုးကျော် (ဆင်ဘိုပြန်/ဆက်)