တနိုင်း စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင် ရေးအတွက် အရှိန်မြင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများ Mask များတပ်ဆင်ခြင်း ရှိ/မရှိကို ယမန်နေ့နံနက်(၁၀)နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအနေဖြင့် ပါးစပ်နှာခေါင်းစည်း(Mask) များတပ်ဆင်ရန်၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့် တစ်ဦး (၆)ပေခြားအကွာမှ ရောင်းဝယ်ခြင်းများ ပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြ စေရေးတို့အတွက် အသိပညာပေးပြောကြားခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)