မချမ်းဘော့ စက်တင်ဘာ ၄
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မဲဆန္ဒနယ်မြေ (၂) ခုတွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြေညာချက်ပုံစံ (၁၀) ဖြင့် ကြေညာထား ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၀) ဦး၏ အမည်စာရင်း များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် အများပြည်သူ တွေ့မြင်နိုင်သော နေရာများတွင် ကပ်ထား ကြေညာထားသည်။
မချမ်းဘော့မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၁၅) အုပ်စု မဲရုံပေါင်း (၁၇) ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း (၅၆၈၃) ဦး ရှိကြောင်းသိရသည်။
ခွန်လင်းဦး(ပြန်/ဆက်)