ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ထောက်ပံ့ပစ္စည်းများနှင့်ထောက်ပံ့ငွေများ ပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ စန်းကားကျေးရွာအုပ်စု၊ မုတ်လွဲကျေးရွာအုပ်စုများ၌ စက်တင်ဘာ (၂)ရက်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။