ဖလမ်း၌ ဖလမ်းစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း ဆောင်ရွက်

ဖလမ်း စက်တင်ဘာ ၃

စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည် ထိန်းသိမ်းနိုင်ရန်နှင့် စည်းလုံးညီညွှတ်မှု ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ပြီး  ချင်းရိုးရာဓလေ့များဖြစ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ရိုးရာအိမ်၊ တူရိယာ ပစ္စည်းများ အခြေခံ၍  ပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများကို စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆုများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

ရှေးဦးစွာ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က အမှာစကား ပြောကြားသည်။ ထို့နောက် ဖလမ်း (ချင်း) စာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးဗန်ကြီးက စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာများကို ပညာပေးပြောကြားပြီး ပန်းချီနှင့်စာပေပြိုင်ပွဲတွင် ဆုရရှိသူများအား  ပထမဆုအတွက် ကျပ်(၁)သိန်းစီ၊ ဒုတိယ ဆုအတွက် ကျပ်(၈) သောင်းစီ၊ တတိယဆုအတွက် ကျပ်(၇) သောင်းစီကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်