ပဲခူးရိုးမတောတွင်းအထိ ဝါးခုတ်သွားကြရသူများ ပင်ပန်ကြီးစွာ လုပ်ကိုင်ကြရသော်လည်း အကျိုးအမြတ်ရရှိမှု နည်းပါး

ပဲခူးရိုးမတောကြီးနှင့် ထိစပ်လျက်ရှိသော ရေတာရှည်မြို့နယ်အတွင်း ဆွာမင်းလမ်း၊ မြောက်လွှတ်ကုန်း၊ ရွှေသပြေ ကျေးရွာများရှိ ဒေသခံအချို့သည် ဝေးလံသော ပဲခူးရိုးမတောတွင်းအထိ ခက်ခဲပင်ပန်းစွာ သွားရောက်၍ ဝါးများကို ခုတ်ယူကြရသော်လည်း ပြန်လည်ရရှိသည့် အကျိုးအမြတ်မှာ နည်းပါးလှကြောင်း သိရှိရသည်။

ရန်ကင်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ထားရှိရန် Quarantine Centre အဖြစ် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေး ကွင်းဆင်း စစ်ဆေး

ရန်ကင်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ထားရှိရန် Quarantine Center အဖြစ် အသုံးပြုမည့် နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် အတွက် ယမန်နေ့ နံနက်ပိုင်း အချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) အရ ငါးမွေးမြူရေးလုပ်ငန်း အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်း၌ မိုးစပါးအထွက်တိုးရေး ပိုးမွှားကာကွယ်ဆေးများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေး အတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူများအား ပိုးမွှားကာကွယ်ဆေး ထောက်ပံ့ ပေးအပ် ခြင်းကို ယနေ့ နံနက်ပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် တတိယနေ့ အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံ-လှိုင်းဘွဲလမ်းရှိ ကစိုကျေးရွာ၊ ပိုင်ကျုံမြို့လမ်းခွနှင့် ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာရှိ ထီလုံ-ပိုင်ကျုံ-‌ကော့ကရိတ်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။

Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ် ထောက်ပံ့ပေးနိုင်ရန် စာရင်းကောက်ယူ

Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင်(၃၀၀၀၀)ကျပ် ထောက်ပံ့ပေးနိုင်ရန် စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ကိုယ်ရေး အချက်အလက် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၄)ရက် နံနက်(၉)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လှည်းကူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစီး(Mask)များ အခမဲ့တပ်ဆင်ပေး

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း လမ်းသွားလမ်းလာပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး အရှိန်အဟုန်ဆောင်ရွက်ခြင်းနှင့် နှာခေါင်စီး (Mask)များ အခမဲ့တပ်ဆင်ပေးဝေခြင်းကို ယမန်နေ့နံနက်(၈)နာရီခွဲက လူစည်ကားရာနေရာဖြစ်သော မြို့မဈေးရှေ့မှာ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ထီးလင်းမြို့ အမှတ်(၂)ရပ်ကွက် စော်ဘွားကြီးလမ်းအား ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်း ဆောင်ရွက်

မြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်စေရေးနှင့်ရပ်ကွက်နေ ပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေရေး တို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၂) ရပ်ကွက်ရှိ စော်ဘွားကြီးလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်လျက် ရှိသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယမန်နေ့ နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များနှင့် တပ်မတော် သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြောင်းသိရသည်။
Subscribe to