ကြံခင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ လုပ်ငန်းဆိုင်ရာ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြံခင်းမြို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ၊ ပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ လုပ်ငန်းဆိုင်ရာ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်၌ Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ယခုဝယ် ယခုတပ်စနစ်ဆက်လက် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ်နိုင်ရေး mask တပ်ဆင်ခြင်း မရှိသူများကို ယခုဝယ် ယခုတပ် စနစ်အရေးယူဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ အချိန် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကျေးရွာအရောက်ကွင်းဆင်းပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်း ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ၏ လက်ဝယ် သို့ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျေးရွာအရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် မြို့နယ်စာရေးဆရာအသင်း၊ Book Club၊ Youth Club များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

Covid – 19 စီးပွားရေး ကုစားမှု အစီအစဉ်အရ ဆောင်ရွက်သော စပါးမျိုးစေ့ ထုတ်လုပ်ခြင်း ဧက(၅၀)အတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေ ၃၂သိန်း ၅သောင်းကျပ်အား တောင်သူများအားပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါး Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးသည့် တောင်သူများအား မျိုးကွဲပယ်ခြင်း၊ ချွေလှေ့ သန့်စင်ခြင်းအတွက် ဒုတိယ အကြိမ် ထောက်ပံ့ ငွေ ပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းစောမြမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မြို့နယ် ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းမှ မျိုးကွဲပယ်ခြင်း၊ ချွေလှေ့သန့်စင်ခြင်းအတွက် ထောက်ပံ့ငွေ ပေးအပ်မှု အပေါ်လုပ်ငန်းစဉ် အဆင့်ဆင့်အားရှင်းလင်းပြောကြား ပေးခဲ့သည်။

ဖလမ်းမြို့ပေါ်ရှိ စားသောက်ကုန် ပစ္စည်းဆိုင်နှင့် အလှကုန်ပစ္စည်းဆိုင်များ ရှောင်တခင်စစ်ဆေး

အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းဆိုင်နှင့် အလှကုန်ပစ္စည်း ဆိုင်(၇)ဆိုင်များအား ရှောင်တခင် စစ်ဆေးကြောင်း သိရသည်။

ကော့ကရိတ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ (RS-CS) မျိုးစေ့ထုတ် (၁၆၀)ဧက ကွင်းဆင်းစစ်ဆေးခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့ စိုက်ပျိုး​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အစဉ် (CERP) အရ (RS-CS)မျိုးစေ့ထုတ် (၁၆၀) ဧက ကွင်းဆေးစစ်ဆေးခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ရိခေါ်ဒါရ်မြို့နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေး ဆိုင်ရာ လုပ်ငန်းများကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မအူပင်မြို့၌ စည်ပင်သာယာရေးစျေးအတွင်း တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချမှု ရှိ/မရှိနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် စည်ပင်ယာယာရေးစျေးအတွင်း တရားမဝင်အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချမှု ရှိ/ မရှိနှင့် ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် ရွှေအိုး ငွေအိုး မြှပ်နှံ လှူဒါန်းပူဇော်ပွဲ အကျဉ်းချုံးကျင်းပ

နှစ်စဉ် ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်တိုင်းရင်းသားတို့၏ ရှေ့ကျသော ရိုးရာဓလေ့ပွဲတော် တစ်ခုဖြစ်သည့် ရွှေအိုးငွေအိုးမြှပ်နှံလှူဒါန်းပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် အတွင်းရှိ မွန် ဘုန်းတော်ကြီးကျောင်းများ၌ အကျဉ်းချုံလှူဒါန်းပူဇော်ခဲ့ကြသည်။
Subscribe to