ပင်လည်ဘူးမြို့နယ် ဟန်ဖဲကျေးရွာတွင် CERP အစီအစဉ်အရ​ ဆောင်ရွက်​နေ​သော CFW လုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် CERP အစီအစဉ် အရ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ရွာလျင် ငွေကျပ်သိန်း ၁၀၀ ဖြင့်

မြင်းခြံ၊ ပခုက္ကူမြို့ဘက်မှ ဝင်ရောက်လာသူများအား ညောင်ဦးမြို့တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းသို့ မြင်းခြံ၊ ပခုက္ကူမြို့ဘက်မှ ဝင်ရောက်လာသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့်အနေဖြင့် ယနေ့နံနက် ၆ နာရီအချိန်မှစတင်ကာ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိစစ်ဆေးနေကြောင်း သိရသည်။

မိုင်းပန်မြို့တွင် “နမ့်ခုံး” ရှမ်းများပရဟိတ အသင်းခွဲမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် (၁ဝ) နာရီအချိန်ခန့်က “နမ့်ခုံး” ရှမ်းများပရဟိတ အသင်းခွဲ(မိုင်းပန်)မှ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် တားဆီးနိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ဝန်းသိုမြို့နယ် စွန်ဖားကျေးရွာတွင် (ရေရရှိရေးလုပ်ငန်း) လက်တူးတွင်း တူးဖော်​ခြင်း လုပ်ငန်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်း လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းကို စွန်ဖားကျေးရွာ တွင် ဆောင်ရွက်လျှက်လျှက်ရှိရာ ယမန်နေ့က မြို့နယ်​ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိ သူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။

လှိုင်မြို့နယ်တွင်Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းခြင်း ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြသည်။

မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီမှ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကို ဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအဖွဲ့မှ သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် မျက်စိဆေးရုံတွင် ဖွင့်လှစ်ထားသော Facility Quarantine Centre အား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ‌ဇော်ဝင်းထင်နှင့်အဖွဲ့သည် မြို့နယ်ကုသရေးဦးစီး ဌာနမှူး‌ ဒေါက်တာ ခွန်မောင်အိုး လိုက်ပါလျက် ယမန်နေ့က သဲကုန်းမြို့၊ ရပ်ကွက်(၄)တွင် ဖွင့်လှစ်ထား သော Facility Quarantine Centre အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

မဟာအောင်မြေမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများ ရပ်ကွက်များအထိ ကွင်းဆင်းဆောင်ရွက်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကာလအတွင်း၌ပင် ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ယနေ့နံနက် (၉) နာရီတွင် မဟာမြိုင်-၂ ရပ်ကွက် ၆၂×၆၃ လမ်းကြားနှင့် ၃၈×၃၉ လမ်းကြားရှိ ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်မြို့ နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

မိုင်းပန်မြို့၌ CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူ(၂၅) ဦးအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း မိုင်းပန်မြို့နယ်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Subscribe to