ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအဖွဲ့မှ သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် မျက်စိဆေးရုံတွင် ဖွင့်လှစ်ထားသော Facility Quarantine Centre အား ကြည့်ရှုစစ်ဆေး

သဲကုန်း စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ‌ဇော်ဝင်းထင်နှင့်အဖွဲ့သည်  မြို့နယ်ကုသရေးဦးစီး ဌာနမှူး‌ ဒေါက်တာ ခွန်မောင် အိုး လိုက်ပါလျက် ယမန်နေ့က သဲကုန်းမြို့၊ ရပ်ကွက်(၄)တွင် ဖွင့်လှစ်ထား သော    Facility     Quarantine     Centre   အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် သီတဂူ Facility     Quarantine     Centre   တွင်   ပြည်တော်ပြန်များနှင့် ရခိုင်ပြန်များ ခွဲခြားထားရှိ မှု အခြေ အနေ၊  ကျန်းမာရေးစစ်ဆေးမှု အခြေအနေ၊ ထောက်ပံ့ပစ္စည်းများ လက်ခံရရှိမှုအခြေအနေ၊ ပြည်တော်ပြန်များ စားသောက်ရေး အခြေ အနေ၊ သောက်ရေသုံးရေ ရရှိမှုအ​ခြေအနေ၊ နှာခေါင်းအာခေါင်တို့ဖတ်များ ရယူမှုအခြေအနေ၊ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှု အခြေအနေ၊  ပြည်တော်ပြန်များသွားရောက်ကြိုဆိုမှုအခြေအနေ၊    ဆေးရုံဆေးခန်း လွှဲပြောင်းပေးပို့မှု အခြေအနေ၊  ကာကွယ်ရေး ဝတ်စုံရရှိမှု၊  ပိုးသတ်ဆေးဖျန်းမှုအခြေအနေ၊ နှာခေါင်းစည်းနှင့်  လက်အိတ်များရရှိမှု  အခြေအနေများကို စနစ်တကျစစ်ဆေးပြီး မှတ်တမ်း တင်ခဲ့ သည်။

ထို့နောက် သီတဂူ Facility     Quarantine     Centre   စေတနာ့ဝန်ထမ်းတာဝန်ခံနှင့် ကြက်ခြေနီ တာဝန်ခံများအား တွေ့ဆုံပြီး လိုအပ် ချက်များကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)