ပင်လည်ဘူးမြို့နယ် ဟန်ဖဲကျေးရွာတွင် CERP အစီအစဉ်အရ​ ဆောင်ရွက်​နေ​သော CFW လုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ပင်လည်ဘူး စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် CERP အစီအစဉ် အရ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  တစ်ရွာလျင် ငွေကျပ်သိန်း ၁၀၀ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် (Cash for Work) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ဟန်ဖဲကျေးရွာတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စက်တင်ဘာ ၃ ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဟန်ဖဲကျေးရွာတွင် CERP အစီအစီအစဉ်အရ ဆောင်ရွက်နေသော (Cash for Work) စီမံကိန်း လုပ်ငန်းများမှာ  ရွာတွင်းလမ်းဘေး အရှည် ၂၉၀၀ ပေ ရေနှုတ်မြောင်းတူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ဖြစ်ကာ အဆိုပါ လုပ်ငန်းများ‌ ဆောင်ရွက်ပြီးစီးမှုတို့ကို သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး တိုင်းတာခြင်း များ ပြုလုပ်‌ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါ ပင်လည်ဘူးမြို့နယ်တွင် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာ ၆ ရွာမှ (Cash for Work) စီမံကိန်းလုပ်ငန်းများမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်ထံမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)