မိုင်းပန်မြို့၌ CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူ(၂၅) ဦးအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်

 

မိုင်းပန်     စက်တင်ဘာ     ၄

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း မိုင်းပန်မြို့နယ်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ မိုင်းပန်မြို့နယ်၏ ကိုဗစ်ကာလအတွင်း ဒုတိယ အကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ CERP အစီအစဉ်အရ အခြားသော ကဏ္ဍ များမှလည်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ထောက်ပံ့ငွေများအား အကျိုးရှိစွာ အသုံးပြု သွားရန် ဆန္ဒပြုပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများမှ မျိုးစေ့ထုတ်တောင်သူ (၂၅)ဦး အတွက် တစ်ဧကလျှင် (၆၅ဝဝဝ)ကျပ်နှုန်းဖြင့် ပေးအပ်ခဲ့ကြောင်းနှင့် စုစုပေါင်း (၇၅) ဧကအတွက် (၄၈၇၅ဝဝဝ) ကျပ် ထောက်ပံ့ငွေများအား တောင်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများအား လင်းခေးခရိုင်၊ ခရိုင်စိုက်ပျိုးရေး ဦးစီး ဌာနမှ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်သန်းသန်းအေး နှင့် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးဟိုန တို့မှ စပါးမျိုးစေ့ထုတ်လုပ်နည်းပညာ သင်တန်းပို့ချခဲ့ပြီး စပါးစိုက်ကွင်းများသို့ သွားရောက်၍ လက်တွေ့ သရုပ်ဖော် ပြသသင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)