ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဆင်ပေါင်ဝဲ   စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်မြို့ နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ် သန်း သွားလာနေသော ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ သွားရောက်မည့်ခရီး စဉ်များ၊ ကိုယ်ရေးရာဇဝင်မှတ်တမ်းရယူခြင်း၊ ကားနံပါတ်၊ ဖုန်းနံပါတ်မှတ်တမ်းယူခြင်း၊ Maskများတပ် ဆင်ခြင်း မရှိသူများအား Mask များ စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရန်နှင့် မိမိနေအိမ်များ၌ သာနေထိုင်ကြရန်၊ မဖြစ်မနေ အပြင်သွားရောက်ရန် ရှိပါက တစ်ဦးတည်းသာ သွားလာကြရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များကို ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)