မဟာအောင်မြေမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများ ရပ်ကွက်များအထိ ကွင်းဆင်းဆောင်ရွက်

မန္တလေး၊ စက်တင်ဘာ ၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကာလအတွင်း၌ပင် ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ယနေ့နံနက် (၉) နာရီတွင် မဟာမြိုင်-၂ ရပ်ကွက် ၆၂×၆၃ လမ်းကြားနှင့် ၃၈×၃၉ လမ်းကြားရှိ ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ကျွေးရာတွင် မွေးစမှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ထမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များအားလည်း ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခဲ့ကြသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများကို ရပ်ကွက်အလိုက် တာဝန်ကျဆရာမများက ရပ်ကွက်ကြီးများအလိုက် ဆောင်ရွက်ပေးနေသကဲ့သို့ ရပ်ကွက် ကွက်စိတ်များအလိုက်လည်း ကွင်းဆင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထွန်းထွန်းနိုင်