ဝန်းသိုမြို့နယ် စွန်ဖားကျေးရွာတွင် (ရေရရှိရေးလုပ်ငန်း) လက်တူးတွင်း တူးဖော်​ခြင်း လုပ်ငန်း ဆောင်ရွက်

ဝန်းသို စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်း  လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းကို စွန်ဖားကျေးရွာ တွင် ဆောင်ရွက်လျှက်လျှက်ရှိရာ ယမန်နေ့က မြို့နယ်​ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိ သူများက  ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါလက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရ၊ တင်ဒါပိုလျှံရန်ပုံငွေ ၊ ခွင့်ပြုရန် ပုံငွေကျပ် (၅) သန်းဖြင့် လက်တူးတွင်းတစ်တွင်း၊ ဂါလံ(၁၀၀၀)ဆံ့ ရေစုကန် တစ်ကန် ဆောင်ရွက် ပေးသွား မည်ဖြစ်ပြီး ယင်းလက်တူးတွင်းကို အနက်ပေ ၄၀ ထိတူးဖော်သွားဖြစ်သည်။

စွန်ဖားကျေးရွာတွင် ရေရရှိရေးလုပ်ငန်း (လက်တူးတွင်း) ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၇)အိမ်၊ လူဦးရေ (၃၀) ကျော်အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ ဆက်)