မိုင်းပန်မြို့တွင် “နမ့်ခုံး” ရှမ်းများပရဟိတ အသင်းခွဲမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်

 

မိုင်းပန်  စက်တင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် (၁ဝ) နာရီအချိန်ခန့်က “နမ့်ခုံး” ရှမ်းများပရဟိတ အသင်းခွဲ(မိုင်းပန်)မှ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် တားဆီးနိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ကုန်းပင်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ သံဃာတော်များ၊ ကိုရင်များနှင့် ဘုန်းတော်ကြီး ကျောင်း၌ လာရောက် ကုသိုလ်ယူကြသော ကလေး ငယ်များအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အကြောင်း အရာနှင့် သတင်းအချက်အလက်များအား မျှဝေဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များပေးဝေပြီး စနစ်တကျ တပ်ဆင်နည်းအား မျှဝေခြင်း၊ စနစ်တကျလက်ဆေးနည်းအား သင်ကြား ပေးခြင်းနှင့် လိုအပ်၍ လူစုလူဝေး ရှိရာနေရာသို့ သွားရောက်ရမည်ဆိုပါက ဆောင်ရန်၊ ရှောင်ရန် အချက်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးနိုင်ရေး ဆောင်ရွက်ချက်တစ်ခုအဖြစ် အသင်းခွဲမှ တာဝန်ရှိသူများမှ အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)