လှိုင် စက်တင်ဘာ ၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ငှားရမ်း ဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင် ငှါးရမ်းပေးခြင်းကို စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ် ဝါသနာရှင်များ စာအုပ်စာပေဖတ်ရှု နိုင်စေရန်၊ စာကြည့်တိုက်ကို ပိုမို အသုံးပြုလာကြစေရန်၊ စာအုပ်စာ စောင်ဖတ်ရှုမှု ပိုမို မြင့်မားလာစေရန်အတွက် လှိုင်မြို့နယ် ဥပဒေရုံးသို့ သုတရသစာအုပ်စာစောင်များကို သွားရောက် ငှားရမ်းပေးခြင်း၊ စာငှားကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို နှစ်ပတ်လျှင် (၁)ကြိမ် အသစ် လဲ လှယ်ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း ထပ်မံဖတ်ရှုလိုက ဖုန်း ဖြင့် ရက်ထပ်တိုးခြင်း ပြုလုပ်နိုင်ကြောင်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)