ညောင်ဦး၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းသို့ မြင်းခြံ၊ ပခုက္ကူမြို့ဘက်မှ ဝင်ရောက်လာသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့်အနေဖြင့် ယနေ့နံနက် ၆ နာရီအချိန်မှစတင်ကာ ကျန်း မာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိစစ်ဆေးနေကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများကဦးဆောင်ကာ မြင်းခြံမြို့၊ ပခုက္ကူမြို့နယ်တို့ဘက်မှ ဝင်ရောက်လာသည့် မော် တော်ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်များအားရပ်တန့်ကာ ခရီးသွားမှတ်တမ်းယူခြင်း၊ ကားနံပါတ်၊ ဖုန်းနံပါတ်မှတ်တမ်းယူခြင်းများနှင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်းစသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာနေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးခရိုင် လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်ကပြောခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD