(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘိုခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၁၀)နာရီက ရွှေဘိုခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉လမ်းညွှန်ချက်နှင့်အညီ စုပေါင်း‌ သွေးလှူဒါန်းခဲ့သည်။

တကောင်းမြို့၌ အသက် ၂ လအထက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် အသက် ၂ လအထက် နို့စို့ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီအချိန်က တကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ပညာပေး သင်တန်း (၁/၂၀၂၀) ဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ပညာပေးသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မိုင်းရှူးမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှု များမှ ဆိုးကျိုးများ အသိပညာပေး နံရံကပ် စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် သောက်သုံးမှုများမှ ဆိုးကျိုးများအသိပညာ ပေးနံရံ ကပ်စာစောင် များကို ယနေ့ နံနက် ၁၁နာရီခွဲအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးနဲမြို့၌ ပဲပုပ်အစေ့ထုတ် စံပြကွက်စိုက်ပျိုးသူ တောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုပ် မျိုးစေ့ထုတ်နှင့် ပဲပုပ်စံပြကွက်စိုက်တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်စေရန်နှင့် မြေဩဇာအချိန်ကိုက် အချိုးကျသုံးစွဲတတ် စေရန်ရည်ရွယ်၍ ပဲပုပ်မျိုးစေ့ထုတ်နှင့် စံပြကွက်စိုက် တောင်သူများအား ကွန်ပေါင်းဓာတ်မြေ ဩဇာ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က အဆိုပါရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့တွင် Mask Campaign ပြုလုပ်ပြီး Mask (၁၀၀၀)ဖြန့်ဝေပေး

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့ ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်‌ရေးအသင်း၊‌ မေတ္တာဖောင်ဒေးရှင်း၊ ATAA၊ Ayeyarwaddy CSOs Network တို့မှရွှေသောင်ယံရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ လိုက်လံ၍ Mask Campaign ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ အသက် (၂) နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကိုယ်ဝန် ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ် မိခင်နှင့်ကလေး ကျန်းမားရေးဌာန ဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက် ရှိသည်။

ပန်းတနော်မြို့၌ တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် စည်ပင်ယာယာရေးစျေး သား/ငါးတန်း တွင် တရားမဝင် အေးခဲကြက်သားနှင့် ကြက်ကလီစာများ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် ၅ ရက်အတွင်း Mask မတပ်ဆင်သူ (၆၀)ဦးကို ယခုဝယ် ယခုတပ် စနစ်ဖြင့်ဆောင်ရွက်

လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူများကို ယခုဝယ် ယခုတပ် စနစ် ဖြင့် ဆောင်ရွက်လျက်ရှိရာ ၅ ရက်အတွင်း Mask မတပ်ဆင်သူ (၆၀) ဦးကို ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to