မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီမှ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

 

မိုးမိတ် စက်တင်ဘာ ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်  ကို ဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရှိရသည်။

ကိုဗစ် -၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့်  ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်   မိုးမိတ်မြို့နယ် အတွင်း ဝင်ရောက်လာသော နိုင်ငံရပ်ခြား ၊ ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းများမှ လာရောက်သူများကို Quaranting  Centre  တွင် ထားရှိသွားမည်ဖြစ်ကြောင်း၊ မြို့အဝင်/အထွက်များ တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးမှုကို ရှောင်တခင် စစ်ဆေး ဆောင်ရွက် ခြင်း၊ ရပ်ကွက်ကျေးရွာများတွင် Home  Stay ထားရှိသော နေရပ်ပြန်ပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသွားအလာကြပ်မတ်ခြင်းများ ဆောင်ရွက် သွားမည်ဖြစ်သည်။  ကိုဗစ်-၁၉ ရောဂါ သံသယလူနာ/ ရောဂါပြင်းထန်လူနာများရှိလာပါက သီးသန့်ထားရှိရန် ကုသနိုင်ရန် သံဃာဆေးရုံတွင် ပြင်ဆင်ဆောင်ရွက်ထားရှိသွားရန်နှင့့်် Quaranting  Centre  များအတွက် မြို့နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းများတွင် ပြန်လည် ပြင်ဆင်ထားရှိသွား မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ပြောကြား ခဲ့ သိရသည်။  

မိုးမိတ်သား(စည်သူဌေး)