မိုင်းရှူး စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် သောက်သုံးမှုများမှ ဆိုးကျိုးများအသိပညာ ပေးနံရံ ကပ်စာစောင် များကို ယနေ့ နံနက် ၁၁နာရီခွဲအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ပြသခြင်းမှ ပြည်သူများအနေဖြင့် ဆေးလိပ်သောက်သုံးခြင်း၊ ဆေးရွက်ကြီးမှ ထွက်သည့် ပစ္စည်းများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ သိရှိစေရန်၊ အသုံးပြုမှုမှ ရှောင်ရှား နိုင်ရန်နှင့် ယင်းပစ္စည်းများသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ရောဂါများကို အချိန်မီတားဆီးကာကွယ် နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနံရံကပ်စာစောင်များတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးခြင်းကြောင့်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှ မှတ်ဉာဏ်အားနည်းခြင်း၊ လည်ချောင်းကင်ဆာ၊ ခံတွင်း ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်း ကင်ဆာ၊ ကျောက်ကပ် ကင်ဆာ စသည့်ရောဂါများဖြစ်ပေါ်နိုင်ခြင်းနှင့် အမျိုးသမီး မ်ား သုံးစြဲပါက သားအိမ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားသမီးမရရှိနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပါက သန္ဓေသား အား ထိခိုက် နိုင်ခြင်း စသည့် အသိပညာပေး အကြောင်းအရာများခင်းကျင်းပြသဆောင် ရွက်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)