ရွှေသောင်ယံ စက်တင်ဘာ ၄
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့ ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မေတ္တာဖောင်ဒေးရှင်း၊ ATAA၊ Ayeyarwaddy CSOs Network တို့မှရွှေသောင်ယံရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ လိုက်လံ၍ Mask Campaign ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ပေါ် ရပ်ကွက်(၃)ခုနှင့် သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာအထိ သွားရောက်၍ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ကြရန် အသိပေးနှိုးဆော်ခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များကို ပြည်သူများ လိုက်နာကြစေရန် အသိပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပြည်သူများ လက်ဝယ်သို့ Mask အခု တစ်ထောင်အား အခမဲ့ဖြန့်ဝေ ပေးခြင်းဖြင့် ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို လိုက်လံ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုက်နယ် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အဖြူရောင်မေတ္တာလူမှုကူညီရေး အသင်းအဖွဲ့ဝင်များ၊ NGO အဖွဲ့အစည်းများမှ လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)