ကောလင်း စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ပညာပေးသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ရှေ့ဦးစွာ ကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကောလင်းမြို့နယ်တာဝန်ခံ ဦးတင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကောလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကိုကိုက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဥ်း၍ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဆွေက လည်းကောင်း၊ ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်း စပ်လျဥ်း၍ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဦးသန်းမြင့်နှင် ဦးညိုမြင့်က လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဒေါ်ခင်တိုးမြင့်က လည်းကောင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များထုတ်ပြန်ကြေညာခြင်းနှင့် စပ်လျဥ်း၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဝင်းကိုကိုက လည်းကောင်း၊ ရွေးကောက်ပွဲနှင့်စပ်လျဥ်း၍ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် အခြားသိသင့်သိထိုက်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ချစ်စုလှိုင်က လည်းကောင်း အသီးသီး ရှင်းလင်းပို့ချခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော သင်တန်းသူ သင်တန်းသားများမှ မရှင်းလင်းသည်များကို မေးမြန်ခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ပညာပေး သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကောလင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို နှစ်ရက်ခွဲ၍ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)