(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘိုခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

ရွှေဘို  စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၁၀)နာရီက ရွှေဘိုခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉လမ်းညွှန်ချက်နှင့်အညီ စုပေါင်း‌ သွေးလှူဒါန်းခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်းကို ရွှေဘိုခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး များနှင့် စာရေးဝန်ထမ်း(၄၉)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ထိုသို့စုပေါင်းသွေးလှူဒါန်း နေမှုကို ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှုးကြီး မြင့်မောင်နှင့် ခရိုင်အတွင်းရှိ မြို့နယ် ရဲတပ်ဖွဲ့မှူးများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။ ထို့စုပေါင်းသွေးလှူဒါန်းပြီးသော ရဲတပ်ဖွဲ့ ဝင်များကို ကြက်ဥများ၊ ဖျော်ရည်များ၊ ရေသန့်ဗူးများနှင့် အားဆေးများကို ရွှေဘိုခရိုင် ပြည် သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင် မှပေးအပ်ခဲ့သည်။

ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထိခိုက်ဒဏ်ရာရသော လူနာများ၊ သွေးလွန်တုပ်ကွေး လူနာများ၊ မွေးလူနာများ၊ သွေးအားနည်း လူနာများအတွက် တစ်ရက်လျင် သွေးအိတ် အလုံး(၂၀)ခန့်လိုအပ်ကြောင်းနှင့် ယခုလို စုပေါင်းသွေးလှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင် ကြောင်း ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင် ကပြောကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)