တကောင်းမြို့၌ အသက် ၂ လအထက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

တကောင်း၊ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် အသက် ၂ လအထက် နို့စို့ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီအချိန်က တကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် တကောင်းမြို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက တကောင်းမြို့ အမှတ် (၁) (၂) (၃) ရပ်ကွက်များအတွင်းရှိ အသက် ၂ လအထက် နို့စို့ကလေး ၇၀ ဦးနှင့် ကိုယ်ဝန် ဆောင်မိခင် ၄၀ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ကိုကိုအောင်(တကောင်း)