ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက Book Club အဖွဲ့ဝင်များမှ စာရေးဆရာဖေမြင့်၏ "အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ပထမဦးစွာ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကြံခင်းမြို့ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ဦးလှိုင်ဝင်းက ဆရာဦးဖေမြင့်၏ "အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်မှ တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိသည်။ လက်တွေ့ကျသော စိတ်ကူးယဉ်သမားများ၊ အခွင့်အရေးဆိုသည်မှာ၊ ကျားကုတ်ကျားခဲစိတ်ဓာတ်၊ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တတ်ခြင်း စတဲ့အခန်း(၁၄)ခန်းတွင် ပါဝင်သော အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး တတ်ရောက်လာကြသော စာပေ ဝါသနာရှင် Book Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)