ပန်းတနော်မြို့၌ တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ပန်းတနော်  စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် စည်ပင်ယာယာရေးစျေး သား/ငါးတန်း တွင် တရားမဝင် အေးခဲကြက်သားနှင့် ကြက်ကလီစာများ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပန်းတနော်မြို့ စည်ပင်သာယာရေး ဈေးအတွင်း သား/ငါးတန်းတွင် တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါကဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)