ဘုတ်ပြင်း၊ စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ် မိခင်နှင့်ကလေးကျန်းမားရေးဌာန ဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အမျိုးသမီးကျန်းမားရေးဆရာမ ဒေါ်ရီရီသန်းက ဦးဆောင်၍ ကျန်းမားရေးဝန်ထမ်းများက မွေးကင်းစကလေးငယ်နှင့် (၂) နှစ်အောက်ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) စသည့် (၅) မျိုးစပ်ကာ ကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်သည့် အစက်ချဆေးတိုက်ကျွေးခြင်း၊ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေး လက်ကျန်းမာရေးဌာနခွဲများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းဦး (ပြန်/ဆက်)