မိုးနဲ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုပ် မျိုးစေ့ထုတ်နှင့် ပဲပုပ်စံပြကွက်စိုက်တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်စေရန်နှင့် မြေဩဇာအချိန်ကိုက် အချိုးကျသုံးစွဲတတ် စေရန်ရည်ရွယ်၍ ပဲပုပ်မျိုးစေ့ထုတ်နှင့် စံပြကွက်စိုက် တောင်သူများအား ကွန်ပေါင်းဓာတ်မြေ ဩဇာ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က အဆိုပါရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ပေးအပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦး နှင့် ဝန်ထမ်းများက ပဲပုပ်မျိုး စေ့ထုတ်စံပြကွက် ၁၅ ဧကစိုက်ပျိုးသော တောင်သူ ၁၀ ဦးကို တစ်ဧက တစ်အိတ်နှုန်းနှင့်ကွန်ပေါင်းဓာတ် မြေဩဇာ တစ်ဦးလျှင်တစ်အိတ်နှုန်းဖြင့် ၁၅ အိတ် ထောက်ပံ့ ပေးအပ်ခဲ့ပြီး လိုအပ်သော ဓာတ်မြေဩဇာ အချိုးကျ သုံးစွဲမှုနည်းစနစ်များကို ပညာပေး ဆွေးနွေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)