မုံးကိုးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရုံးဝန်ထမ်းများကို စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ရုံးဝန်ထမ်း စုစုပေါင်း (၁၁)ဦးအား ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်အစရှိသည့် စားနပ်ရိက္ခာများကို ယနေ့ နံနက်(၁၀) နာရီ အချိန်ခန့်က မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ)၏ “ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ ရင်ဆိုင် ပါ” စာအုပ်ဖြင့် Woman Clubအသင်းဝင်းများက ယမန်နေ့ နံနက်ပိုင်းအချိန်တွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား သိရှိလိုက်နာနိုင်ရေး လိုက်လံနှိုးဆော်သတိပေးဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အားအများ ပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ ညက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးသီးနှံပင် အာဟာရ ဖြည့်တင်းမှုအ‌ပေါ် ဓာတ်မြေသြဇာ သုံးစွဲမှု စစ်တမ်းကောက်ယူ

သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးရေးသည် ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကို ကြံ့ကြံ့ခံနိုင်ခြင်းနှင့် သက်သာစေခြင်းတို့ကို ဖြစ်စေရန် ရှမ်း ပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်ရှိ တောင်သူများ စိုက်ပျိုးသီးနှံပင် အာဟာရ ဖြည့်တင်း မှုအပေါ် ဓာတ်မြေဩဇာသုံးစွဲမှုစစ်တမ်းကောက်ယူခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့၌ မဲရုံလုံခြုံရေး အထူးရဲ(၁၆)ဦးခန့်အပ်သွားမည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံအသီးသီးတွင် လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ(၁၆)ဦးခန့်အပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် ဒေသအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေး တို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးလုံခြုံရေးများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ် စည်ပင်သာယာဈေး၌ နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း မရှိသည့် ဈေးရောင်း ဈေးဝယ်များအား ဒဏ်ရိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် မြို့နယ်စည်ပင်သာယာဈေးကော်မတီအဖွဲ့မှ စည်ပင်သာယာဈေးအတွင်း ဈေးရောင်း ဈေးဝယ်များအားနှာခေါင်းစည်း(mask)များ တပ်ဆင် ရောင်းချခြင်း၊ ဝယ်ယူခြင်း မရှိသူများအား ဒဏ်ရိုက် အရေးယူ စစ်ဆေးမှုများကို နေ့စဉ်ကြပ်မတ်ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့အဝင် ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Thermal Camera တပ်ဆင်၍ ကျန်းမာရေးစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပဲခူး-ခရမ်း-သန်လျင် လမ်းမကြီးဘေး ရန်ကုန်တိုင်းအစ ခရမ်းမြို့ အဝင် ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Thermal Camera တပ်ဆင်၍ မြို့အတွင်း ဖြတ်သန်း ဝင်ရောက်ကြမည့် ခရီးသွားပြည်သူများ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား ကျန်းမာရေးစစ်ဆေး ပေးလျက်ရှိပြီး ကိုယ်အပူချိန်မြင့်မားသူများအား ဆေးရုံသို့ ပို့ဆောင်စစ်ဆေးပေးလျက်ရှိကြောင်း သိရ သည်။

မုံးကိုးမြို့၊ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပ

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသ၌ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Subscribe to