မုံးကိုး စက်တင်ဘာ ၇
မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ရုံးဝန်ထမ်း စုစုပေါင်း (၁၁)ဦးအား ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက် အစရှိသည့် စားနပ်ရိက္ခာများကို ယနေ့ နံနက်(၁၀) နာရီ အချိန်ခန့်က မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
“ကိုဗစ်-၁၉ရောဂါဖြစ်ပွားတဲ့ကာလမှာ ရုံးဝန်ထမ်းတွေ တစ်ဖက်တစ်လမ်းနဲ့ အိမ်တွင်းစားနပ်ရိက္ခာတွေ အဆင်ပြေစေရေးအတွက် အခုလိုထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပါတယ်”လို့ မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ပြောကြားသည်။
“အခုလို ကူးစက်မြန်တဲ့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားတဲ့ကာလမှာ ခုလိုထောက်ပံ့ပေးအပ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်၊ မိသားစုအတွက် မီးဖိုချောင်စရိတ် သက်သာပြီး ထောက်ပံ့ပေးပေးအပ်မှု အတွက် လည်း အရမ်း ကျေးဇူးတင်ပါတယ်”လို့ မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုသို့ စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ရာတွင် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၁)အိတ်၊ ဆီတစ်ပိဿာနှင့် ခေါက် ဆွဲခြောက်(၁)ဖာစီကို မြို့အုပ်ချုပ်ရေးမှူးက ဝန်ထမ်းအသီးသီးအား လက်ဝေထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)