ဘုရားသုံးဆူမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်သစ်ပင်များ ပြိုလဲမှုဖြစ်ပွား
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်၌ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် ၃ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး လမ်းဘေးရှိ ဇီးပင်နှင့် မြို့ဝင်ဆိုင်းဘုတ်အနီးရှိ ကျွန်းပင်ကြီးမှာ ပြိုလဲပြီး လမ်းမပေါ်သို့ ကျရောက်လျက်ရှိပါသည်။